ညောင်ဦး ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက်များ မီးဘေးကြိုတင်ကာကွယ်ရေးလုံခြုံစိတ်ချရမှုရှိစေရေး ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီက စစ်ဆေးခဲ့ကြောင်း သိရသည်။
ညောင်ဦးခရိုင် ရွေးကောက်ပွဲကော်မရှင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးဝင်း၊ ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဆုပိုင်နှင့်ဝန်ထမ်းများသည် ဒီဇင်ဘာ ၂၈ ရက် နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ်မဲပေးစက်များ မီးဘေးလုံခြုံရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း