ချမ်းမြသာစည်မြို့နယ်၌ ထုတ်ပေးထားသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အတူ မဲစာရင်းတွင် ပါဝင်မှုရှိ/ မရှိ တိုက်ဆိုင် စစ်ဆေး

ချမ်းမြသာစည် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသားတိုင်း ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်များကို ရပ်ကွက်များအလိုက် စနစ်တကျ မြေပြင်ကွင်းဆင်းပြုလုပ်‌ပေးခြင်းကို ဆောင်ရွက်ခဲ့ပြီးဖြစ်ရာ မဲစာရင်းတွင် ပါဝင်မှုရှိ/ မရှိ တိုက်ဆိုင်စစ်ဆေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် တိုက်ဆိုင်စစ်ဆေးခဲ့သည်။

အဆိုပါ တိုက်ဆိုင်စစ်ဆေးခြင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးများမှ စစ်ဆေးလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဇော်က လိုက်လံကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)