ဒေးဒရဲမြို့နယ် (Community Centre)ခန်းမ၌ MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအသိပညာပေး ဟောပြော

ဒေးဒရဲ ဒီဇင်ဘာ ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ အိမ်တွင်းမှု တစ်ပိုင်တစ်နိုင်လုပ်ငန်းများ ဖွံ့ဖြိုးလာစေရေးနှင့် မိသားစုအပိုဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ စာဖတ်ပြည်သူများအား MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ခိုင်က မြို့နယ်အတွင်းရှိ ပြည်သူများ အိမ်တွင်းမှု အသေးစားစက်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြင့် မိသားစု အပိုဝင်ငွေတိုးပွားစေရေး အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ပေးလျက်ရှိသည့်လုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသိန်းမောင်က MSMEလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနက လုပ်ငန်းရှင်များနှင့် လစဉ်တွေ့ဆုံ၍ ထုတ်လုပ်သောကုန်စည်များ အရည်အသွေးကောင်းမွန်စေရေး၊ ပြည်တွင်းပြည်ပဈေးနှုန်း ဈေးကွက်ရရှိမှုအခြေအနေများ ခေတ်မီစက်ကရိယာများ တပ်ဆင်အသုံးပြုရေး၊ ထုတ်လုပ်မှုနည်းပညာများရရှိရေးအတွက် မိမိဌာနနှင့်သက်ဆိုင်ရာဌာနများမှ ဖွင့်လှစ်သောသင်တန်းများ တက်ရောက်နိုင်ရေး ဆောင်ရွက်ပေးမှုအခြေအနေများနှင့် MSMEလုပ်ငန်းများဆောင်ရွက်ရာတွင် ထုတ်လုပ်သောကုန်ပစ္စည်းများတွင် ဌာနမှ သက်မှတ်ထားသော ကုန်အညွှန်းအမှတ်အသားများ ဖော်ပြနိုင်ရေးအတွက် ဆောင်ရွက်ပေးမှုအခြေအနေများကိုလည်း အသိပညာပေးပြောကြား ခဲ့ကြောင်း သိရသည်။

အေဇာလင်း