ရွာသစ် ဇန်နဝါရီ ၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ သံလွင်မြစ်ကမ်းအနီးရှိ အလောင်းမင်းတရား တည်ထားကိုးကွယ်ခဲ့ သော တာဆန်းလဲ ရှေးဟောင်းပေါ်တော်မူ စေတီဘုရားအား ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် မင်္ဂလာပန္နက်တင် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက အဆိုပါနေရာ၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆရာတော်၊ သံဃာတော်များက စေတီပတ်ပတ်လည်အား စေတီပြန်လည် ပြုပြင်မွမ်းမံရန် အတွက် ခွင့်ပန်ကြားခြင်း၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းများကို ပန္နက်တင်အခမ်းအနား ပြုလုပ်ခဲ့ကာ စေတနာရှင် အလှူရှင်များကလည်း ဆွမ်းဆန်စိမ်း လောင်းလှူပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ တာဆန်းလဲ ရှေးဟောင်း ကပ်ကျော်လဒ်ခေါ်စေတီသည် ဘုရားဖူးလာရောက်များက အမှတ်တရဓာတ်ပုံရိုက်ကူး လျှင် ထူးခြားဆန်းကြယ်သော ပုံရိပ်များ ပေါ်ထွက်လာကြောင်းလည်း သိရှိရသည်။
နန်းဆွေဆွေအေး (ပြန်ဆက်)