မိုင်းရယ် ဒီဇင်ဘာ ၁၆
မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် အခြေခံပညာဉီးစီးဌာနတို့ပူးပေါင်းပြီး လွတ်လပ်ရေးနေ့သိကောင်းစရာဟောပြောပွဲကို ယနေ့ နေ့လယ် (၁) နာရီက အ.ထ.က(မိုင်းရယ်)တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဉီးစီးအရာရှိ ဒေါ်ခင်မာလာက လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံများနှင့် လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်တတ်စေရန်အတွက် ဟောပြောသည်။ ယင်းနောက် မိုင်းရယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနက ပြသထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်းဓာတ်ပုံများကို ကျောင်းသား/သူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)