ကျေးသီး ဇန်နဝါရီ ၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းများ သွားလာမှု ကောင်းမွန်စေရေးအတွက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန က၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ ဝမ်ဖွီးကျေးရွာအုပ်စု၊ ဝမ်ဖွီးကျေးရွာမှ ပန်စယ်ကျေးရွာအုပ်စု၊ ပန်စယ်ကျေးရွာထိ ဝမ်ဖွီး−ဖာလော့−ပန်စယ် (၅)မိုင်၊ (၄)ဖာလုံအနက် (၁)မိုင် (၄) ဖာလုံအား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေကျပ် ၁၉၈ ဒသမ ၅၄၆ သန်းဖြင့် ကျေးရွာချင်းဆက်လမ်းများဖြစ်သည့် ဝမ်ဖွီးကျေးရွာအုပ်စု၊ဝမ်ဖွီးကျေးရွာမှ ပန်စယ်ကျေးရွာအုပ်စု ပန်စယ် ကျေးရွာအထိ ဝမ်ဖွီး−ဖာလော့−ပန်စယ် (၅)မိုင်(၄)ဖာလုံအနက် (၁)မိုင်(၄)ဖာလုံအား ကျောက်ချောလမ်း ခင်းခြင်းကို ရေလယ်ကျွန်းကုမ္ပဏီက တာဝန်ယူ ဆောင် ရွက်လျက်ရှိသည်။
အဆိုပါ ဝမ်ဖွီး−ဖာလော့−ပန်စယ် (၅)မိုင်၊ (၄)ဖာလုံလမ်းအား ကျောက်ချောလမ်းခင်းခြင်း လုပ်ငန်းများပြီးပါက ကျေးသီးမြို့နယ်၊ ဝမ်ဖွီးကျေးရွာအုပ်စုနှင့် ပန်စယ်ကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာပေါင်း (၂၁)ရွာရှိ ဒေသခံ ပြည်သူများ၏ လူမှုဘဝ၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးများ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)