လပွတ္တာမြို့နယ်၌ ပိုးတွေ့လူနာ(၁၀)ဦး ထပ်မံတွေ့ရှိ

လပွတ္တာ ဇန်နဝါရီ ၁

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်း မြို့ပေါ်နှင့် ကျေးရွာများမှ ပိုးတွေ့လူနာ(၁၀)ဦး ထပ်မံတွေ့ရှိကြောင်း ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။

လပွတ္တာမြို့နယ် ကိုဗစ်-၁၉ ကော်မတီဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့၏ စီစဉ်မှုဖြင့် အ.ထ.က(၂) Quarantine Center တွင် ဝင်ရောက်နေသူများ မြို့ပေါ်နှင့် ကျေးရွာများမှ Quarantine Center တွင် ဝင်ရောက်နေသူ စုစုပေါင်း(၅၄)ဦးအား ဗဟိုအမျိုးသားကျန်းမာရေးဌာန(N-H-L)၏ ပြန်ကြားချက်အရ စုစုပေါင်း (၁၀)ဦးမှာ Positive ဖြစ်ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပျောက်ကင်း၍ ဆေးရုံဆင်းခွင့်ရရှိသူ (၁၇၄)ဦး၊ သေဆုံး (၃)ဦး၊ ကုသဆဲ(၃၈)ဦး စုစုပေါင်း (၂၁၅)ဦးရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြေးနန်းအရ သိရသည်။

ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)