ဘုတ်ပြင်း ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ မြို့ပေါ်ရပ်ကွက်များ၊ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၊ မြို့မဈေးလမ်းဆုံနှင့် မြို့အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေးဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဌာနဆိုင်ရာများ၊ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များက မြို့အဝင်အထွက်ဂိတ်နှင့် မြို့ပေါ်ရပ်ကွက်များတွင် မော်တော်ဆိုင်ကယ်၊ မော်တော် ကား စီးနင်းမောင်နှင်သူများ၊ ခရီးသွားလာနေသူများ၊ ဒေသခံပြည်သူများအား မီးသတ်ဦးစီးဌာနမှ ထုတ်ဝေထားသည့် မီးဘေးလုံခြုံရေးပညာပေးလက်ကမ်းစာစောင်များ အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)