ပျော်ဘွယ် ဒီဇင်ဘာ ၁၇
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန် အသိပညာပေးဟောပြောခြင်းနှင့် ပျော်ရွှင်မှုရရှိစေရန် အားကစားပြိုင်ပွဲငယ်များကျင်းပပေးခြင်းကို ဒီဇင်ဘာလ ၁၆ ရက်၊ နံနက် ၉ နာရီခွဲက အခြေခံပညာ မူလတန်းကျောင်း(မယ်ဇလီအိုင့်)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ဗဟုသုတရရှိစေမည့် စာပေများကိုလေ့လာဖတ်ရှုရန်လိုအပ်ပါကြောင်း၊ မိမိတို့နှင့်လိုက်လျောညီထွေဖြစ်မည့် စာပေများကိုရွေးချယ်ဖတ်ရှုရန် လိုအပ်ပါကြောင်း၊ လူငယ်များအနေဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်တို့ကို ဆွေးနွေးဟောပြောခဲ့သည်။
ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများပျော်ရွှင်မှုရရှိစေရန် အားကစားပြိုင်ပွဲငယ်များ ကျင်းပပေးခဲ့ပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန် မြှင့်တင်ရေးအသိပညာပေး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)