ပြည်ကြီးတံခွန် ဒီဇင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်အတွင်းရှိ မဲရုံ(၉)နေရာအား မဲရုံများစနစ်တကျရှိစေရေးနှင့် လိုအပ်ချက်များမရှိစေရေးအတွက် ယမန်နေ့မွန်းလွဲ ၁ နာရီကစတင်၍ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
အဆိုပါ လိုက်လံကြည့်ရှုစစ်ဆေးရာတွင် မန္တလေးခရိုင်၊ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်မြင့်မြင့်သန်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်လဝကဦးစီးမှူးဦးအောင်သွင်၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစည်ဖြိုးလင်း၊ ရာအိမ်မှူးများ မဲရုံအလိုက် တာဝန်ပေးအပ်ထားသည့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် မဲရုံပြုလုပ်မည့်နေရာများဖြစ်သော ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်ရှိ မဲရုံတည်နေရာများအား ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များအား သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့၊ ရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များအားမှာကြား၍ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)