မန္တလေးမြို့ မဟာမုနိဘုရားကြီး ရင်ပြင်တော်တွင် ဆီမီးတစ်သောင်းတစ်ထောင် ထွန်းညှိပူဇော်ပွဲအခမ်းအနား ကျင်းပ

ချမ်းအေးသာစံ  ဒီဇင်ဘာ ၁၇

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးအားရည်မှန်းကာ မဟာမုနိဘုရား ကြီးရင်ပြင်တော်တွင် မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) မှ ကြီးမှူး၍ ဆီမီးတစ်သောင်း တစ်ထောင်ထွန်းညှိပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက မဟာမုနိဘုရားကြီးရင်ပြင်တော်၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မဟာမုနိဘုရားကြီးဂေါပအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များ၊မြန်မာအနုပညာနှင့် ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA)မှ ဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ အသင်းအဖွဲ့အစည်းများနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ မဟာမုနိရုပ်ရှင်တော်မြတ်အား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အဖွဲ့သည် ဖူးမြော်ကြည်ညိုကြသည်။

ယင်းနောက် မဟာမုနိဘုရားကြီးရင်ပြင်တော်တွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့၊ မြန်မာအနုပညာနှင့်ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအသင်း (MACDA) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အသင်းအဖွဲ့အစည်းများနှင့် ဘုရားဖူးလာပြည်သူများက ဆီမီးတစ်သောင်း တစ်ထောင်ကိုအတူတကွ ထွန်းညှိပူဇော်ခဲ့ကြကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)