တောင်ကြီး ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) ပြည်နယ်လမ်းဦိးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးရဲလင်း၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့်အတူ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ရေထွက်ဦးလမ်း၊ (အခြေခံပညာမူလတန်ကျောင်းရှေ့မှ ထီသိမ်ရေထွက်လမ်းဆုံအထိ) ကိုယ့်အားကိုယ်ကိုးလမ်း ကတ္တရာထပ်ပိုးလွှာခင်းနေမှု အခြေအနေများကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်လမ်းဦိးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးရဲလင်း တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန၊ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်နှင့် တာဝန်ရှိသူများက လမ်းခင်းခြင်းနှင့် လမ်းပုခုံးပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက လုပ်ငန်းအရည်အသွေးပြည့်မီရေးနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးစနစ် တကျဆောင်ရွက်သွားရန်၊ သတ်မှတ်ကာလ အချိန်မီပြီးစီးရေး၊ လမ်းများရေရှည်ကောင်းမွန်ရေး၊ လမ်းဘေးရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး စနစ်တကျဆောင်ရွက်ရန်မှာကြားခဲ့သည်။
အဆိုပါ ကိုယ့်အားကိုယ်ကိုးကတ္တရာလမ်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် ကတ္တရာ(၄၈)တန်၊ ပြည်သူလူထုထည့်ဝင်ငွေကျပ်သိန်း(၂၃၀၀)ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။
စိုင်းသန်းကျော်(တောင်ကြီး)