‎မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ ဆင်းရဲချို့တဲ့သည့် မိဘပြည်သူများအား (၃၇)ကြိမ်မြောက် ဆန်၊ ဆီ၊ ကြက်ဥနှင့်အခြားအသုံးဆောင်ပစ္စည်းထောက်ပံ့လှူဒါန်းပွဲ ကျင်းပ

မဟာအောင်မြေ ဒီဇင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁)ရပ်ကွက်အတွင်းရှိ အိမ်ထောင်စုစာရင်းရှိ အိမ်ထောင်စုဇယားပေါက်ပြီး ဆင်းရဲချို့တဲ့သည့် မိဘပြည်သူများအား (၃၇)ကြိမ်မြောက်အဖြစ် ဆန်၊ ဆီ၊ ကြက်ဥ၊ ကြက်သွန်၊ ဆေးဝါးစသည့် အခြားအသုံးဆောင်ပစ္စည်းများနှင့် ငွေသားများကို ယနေ့နံနက်ပိုင်းက မဟာမြိုင်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်

ရှေးဦးစွာ မဟာအောင်မြေမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က ရပ်ကွက်နေပြည်သူများအား စားဝတ်‌နေရေးအခက်အခဲမရှိ အဆင်ပြေနိုင်စေရန်ရည်ရွယ်၍ ထောက်ပံ့လှူဒါန်းပေးရခြင်းဖြစ်‌ကြောင်း ရှင်းလင်းပြောကြားပြီး ဆင်းရဲချို့တဲ့သည့် ရပ်ကွက်အတွင်းရှိ မိဘပြည်သူ အိမ်ထောင်စု (၄၀)အား အိမ်ထောင်စုတစ်စုလျှင် ဆန်(၂)ပြည်၊ ဆီ(၅၀)သား၊ ကြက်ဥ(၁၀)လုံး၊ ခေါင်းလျှော် ရည်(၁၂)ထုပ်၊ ဆပ်ပြာမှုန့်(၁)ထုပ်၊ ဆပ်ပြာခဲ(၁)ခဲ၊ ချောင်ဆိုးပျောက်ဆေး/သွေးကျဆေးနှင့် အသက်(၈၀)နှစ်အထက် အဘိုး အဘွား (၁၇)ဦး၊ တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ ကို (၃၇)အကြိမ်အဖြစ် ထောက်ပံ့လှူဒါန်းပြီး လစဉ်အလှည့်ကျလှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပွဲကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ အဖွဲ့ဝင် ဗိုလ်မှူးဆွေလွင်အောင်နှင့် အဖွဲ့ဝင်များ၊ တက်ရောက်ခဲ့ကြပြီး ရွေးကောက်ပွဲတွင် ပြည်သူများပါဝင်မဲပေးနိုင်ရေးအတွက် ‌“ဒို့အတူတူမဲပေးကြမယ်” သတင်းစကား လက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်း သိရသည်။

‎‎အောင်ဇော်မင်း