ကျိုင်းတုံမြို့နယ်တွင် စိုက်ပျိုးသီးနှံများ ပန်းတိုင်ရည်မှန်းချက် အထွက်နှုန်း မကောင်းရခြင်း အကြောင်း အချက်အလက်များကောက်ယူ

ကျိုင်းတုံ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်း သက်မှတ်ထားသည့် သီးနှံ (၁၀)မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်း မကောင်းရခြင်းအကြောင်း တောင်သူများအား  စိစစ်မေးမြန်းကာ အချက်အလက်များကောက်ခြင်းကို ယမန်နေ့ စိုက်ပျိုးရေးဝန်ထမ်းများက ကျေးရွာအုပ်စု(၇)အုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး  ဦးလှဝင်းက ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် အဓိကသီးနှံ ၁၀ မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်း မကောင်းရခြင်း အကြောင်းအရာများ စိစစ်ကောက်ယူမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျိုင်းတုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မင်းနှင့် ဝန်ထမ်းများက မြို့နယ်အတွင်း စိုက်ပျိုးသီးနှံ ၁၀ မျိုး ပန်းတိုင်ရည်မှန်းချက်အထွက်နှုန်း မကောင်းရခြင်းအကြောင်း သီးနှံများအလိုက် အချက်အလက်များကောက်ယူမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး စိုက်ပျိုးရေးတောင်သူ ၃၀၀ ဦးအား စာရင်းအချက်အလက်များ ကောက်ယူခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)