မိုးနဲ ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၌ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ နမ့်စန်ခရိုင်ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျော်မြင့်လွင်ဦးမှ အဖွင့်အမှာစကား ပြောကြားပေးခဲ့ပြီး မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးဝင်းမြင့်က တက်ထားသော ပညာများ မပျောက်ပျက်ရေး ထပ်မံလေ့လာပြီး တီထွင်ကြံဆကာ မိမိကိုယ်ကို ကိုယ်ရည်ကိုယ်သွေး မြှင့်တင်ကြရန်လိုကြောင်း ပြောကြားပေးခဲ့သည်။ ထို့နောက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခိုင်က ရှေးမှုမပြတ်စေဘဲ ရိုးရာမပျက်အောင် ဆန်းသစ်တီထွင်ကြရန်လိုကြောင်း၊ ဆက်လက်ပြီး ပညာများကို တိုးမြှင့်အောင် လေ့လာဆည်းပူးကြရန်လိုကြောင်းနှင့် လိုအပ်သည့် အကူအညီများကို ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ သင်တန်းသူများအား ခရိုင်ဦးစီးမှူးနှင့်တကွ တာဝန်ရှိသူများက ဆုရရှိသူများအား ဂုဏ်ပြုစုများချီးမြှင့်ခြင်း၊ သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခြင်း၊ သင်တန်းဆရာမအား အမှတ်တရလက်ဆောင်ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းဓာတ်ပုံများ ရိုက်ကူးကာ အခမ်းအနားအား ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ဇင်ကိုကို