မြန်အောင်မြို့ ကြယ်ငါးကောက်သူများအဖွဲ့မှ ဦးဆောင်၍ နှစ်ဦးအလှူဒါနကျင်းပပြုလုပ်

မြန်အောင် ဇန်နဝါရီ ၁

မြန်အောင်မြို့ ကြယ်ငါးကောက်သူများအဖွဲ့မှ ဦးဆောင်၍ ၂၀၂၁ ခုနှစ် နှစ်ဦးအလှူဒါနအဖြစ် ယနေ့ နံနက်ပိုင်းက မြန်အောင်မြို့ ဘုရားသုံးဆူပရဟိ‌‌ကျောင်း၊ လမ်းပြကြယ် စာကြည့်တိုက်၊ သီလရှင်ကျောင်းနှင့် အမှတ်(၄)ရပ်ကွက် အတွင်းတို့မှ ကလေးများအား စတုဒီသာကျွေးခြင်း စသည့် အလှူဒါနအား ဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

မြန်အောင်မြို့ ကြယ်ငါးကောက်သူများအဖွဲ့မှ ဦးသောင်းထွဋ် ဦးဆောင်သော အလှူရှင်များက မြန်အောင်မြို့ ဘုရားသုံးဆူပရဟိတကျောင်းရှိ ကျောင်းသား၊ ကိုရင်များအား နံနက်စာကျွေးမွေးလှူဒါန်း၍ အသုံးအဆောင် ပစ္စည်းများ မဲနှိုက်လှူဒါန်းပေးခြင်း၊ မြန်အောင်မြို့ အမှတ်(၆)ရပ်ကွက် လမ်းပြကြယ်စာကြည့်တိုက် ဖြစ်မြောက်ရေးအတွက် အလှူငွေ တစ်သိန်းကျပ် လှူဒါန်းခြင်း၊ မြန်အောင်မြို့ လှိုင်ပေါလယ် သီလရှင် ကျောင်းတွင် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် အမှတ်(၄)ရပ်ကွက် ရန်နိုင်အေးထိပ်နှင့် ကံဦးကွက်သစ်တို့မှ ကလေးများအား စတုဒိသာဒံပေါက် ကျွေး‌‌မွေးခြင်း စသည့်  ၂၀၂၁ ခုနှစ် နှစ်ဦးအကြို အလှူဒါနအား မြန်အောင်မြို့ ကြယ်ငါးကောက်သူများအဖွဲ့ ဦးဆောင်မှုဖြင့် အလှူရှင်များ စုပေါင်း၍ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ဝင်းဗိုလ် မြန်အောင်