ကလိန်အောင် ဒီဇင်ဘာ ၁၇
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ မိကျောင်းလှောင်ကျေးရွာရှိ ဘောလုံးကွင်း၌ ယနေ့နံနက် ၈ နာရီက ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အကြို အားကစားပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသားကရင်နှစ်သစ်ကူးပွဲတော်အကြိုတွင် အမျိုးသားဘောလီဘော်ပြိုင်ပွဲအသင်း၊ အမျိုးသမီးဘောလီ ဘော်ပြိုင်ပွဲ၊ အမျိုးသားခြင်းလုံးပြိုင်ပွဲအသင်းများကို အသီးသီး ယှဉ်ပြိုင်ကစားကြပြီး ဆုရရှိသည့်အသင်းများကို ဒီဇင်ဘာ ၁၉ ရက်နေ့တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်တွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ကလိန်အောင်(ပြန်/ဆက်)