တံတားဦး ဒီဇင်ဘာ ၁၆
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ကျရောက်မည့် (၁၂၁) နှစ်မြောက် သမဝါယမဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ် သမဝါယဦးစီးဌာန ဦးစီးအရာရှိနှင့် ဝန်ထမ်းများက တံတားဦးမြို့ အမှတ် (၃) ရပ်ကွက်၊ လွှစဉ်တန်းရပ်ရှိ ရှေးဟောင်းဘုရား (၆) ဆူ ဝန်းအတွင်း စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် အလှူငွေလှူဒါန်းပွဲကို ယနေ့နံနက် (၁၀) နာရီက အဆိုပါဘုရားပရဝုဏ်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် အလှူငွေလှူဒါန်းပွဲသို့ တံတားဦးမြို့နယ် သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်ကျော်နောင်နှင့် ဝန်ထမ်းများက ဘုရားပရဝုဏ်အတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များရှင်းလင်းခြင်းနှင့် ဘုရားသောက်ရေနှင့် ဘုရားပန်းလဲလှယ်များ ဆောင်ရွက်ကြပြီး ရှေးဟောင်းဘုရား (၆) ဆူ ပြုပြင်မွမ်းမံနိုင်ရန်အတွက် ဦးစီးအရာရှိနှင့် ဝန်ထမ်းများက အလှူငွေကျပ် (၅၀၀၀၀) ကျပ်ကို လှူဒါန်းရာ ဘုရားဂေါပကအဖွဲ့က လက်ခံရယူကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)