ငပုတောမြို့နယ်အတွင်းရှိ မဲရုံများအား မီးဘေးအန္တရာယ်ကင်းဝေးစေရေးစစ်ဆေး

ငပုတော ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည့်မဲရုံများအား ဒီဇင်ဘာလ (၁၅)ရက်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးဆောင်သောအဖွဲ့က စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်မီးသတ်ဦးစီးမှူးဌာန ဒုတိယမီးသတ်ဦးစီးမှူး ဦးပိုင်စိုးဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များသည် ငပုတောမြို့ အရှေ့ပိုင်းရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း၊‌ ရွှေမြကွင်းမဲရုံသို့လည်းကောင်း၊ အနောက်ပိုင်းရပ်ကွက် မဲရုံသို့လည်ကောင်း၊ တောင်ပိုင်းရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံအမှတ်(၄) အခြေခံပညာမူလတန်းကျောင်းရှိ မဲရုံ၊ အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်းရှိ မဲရုံတို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရွေးကောက်ပွဲကျင်းပနေစဉ်နှင့် ဆန္ဒမဲပေးနေချိန်အတွင်း မီးလောင်၊ မီးလန့်မှုမဖြစ်ပေါ်စေရေး၊ မဲရုံအနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များတွင် မီးဘေးစိုးရိမ်ရသောလုပ်ငန်းများ၊ မဲရုံပတ်ဝန်းကျင်အနီးရှိအုတ်ရေလှောင်ကန်များအား ရေဖြည့်တင်းဆောင်ရွက်ထားရှိမှုတို့ကိုပါ ကြည့်ရှုစစ်ဆေးခဲ့သည်။

ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအသီးသီးတွင်လည်း ယနေ့အချိန်အထိ မဲရုံပေါင်း (၂၄၅)ရုံအား မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)