မေတ္တာမြို့၊ ဆူးလေစေတီတော်ရွှေချခြင်းနှင့် ရဟန္တာရုပ်ထုတော်များ ဆေးသင်္ကန်းကပ်ခြင်းများ ဆောင်ရွက်

မေတ္တာ ဇန်နဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဆူးလေစေတီတော် ရွှေချခြင်းနှင့် ရဟန္တာ ရုပ်ထုတော်များ ဆေးသင်္ကန်းကပ်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက်​​နေ ကြ​ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင်မေတ္တာမြို့၊ မဟာဗျူဟာတပ် ဦးကျောင်းမှဆရာ​​ တော်အရှင်အရိယဝံသ ၏ ကြီးကြပ် မှု ဖြင့် မေတ္တာမြို့၊ ပန်းခင်းပရဟိတအဖွဲ့ခေါင်းဆောင် ဦးဘိုဘိုနှင့် အဖွဲ့တို့က အလှူရှင်များကိုယ်စား မေတ္တာမြို့၊ ဆူးလေစေတီတော်ရွှေချခြင်း၊ ရဟန္တာရုပ်ထုတော်များ ဆေးသင်္ကန်း ကပ်ခြင်း၊​ရ ရေသပ္ပါယ်ခြင်း၊ တံခွန်တိုင်နှင့် နတ်မင်းကြီး လေးပါး ရုပ်ပုံတော်များ ဆေးသုတ်ရန်နှင့် စေတီတော် ပုရိဝုဏ်၌သန့်ရှင်းရေးလုပ်ငန်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ရန်နောင်စိုး (မေတ္တာ ပြန်/ဆက်)