ပင်လုံမြို့၌ အဓိကသီးနှံ (၁၀) မျိုးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းမ​ကောင်းရခြင်းအကြောင်းအရာများအား စစ်တမ်းကောက်ယူ

ပင်လုံ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ ပန်မုန့်အုပ်စု၌ အဓိကသီးနှံ (၁၀) မျိုးနှင့်ပတ်သက်၍ ပန်းတိုင်အထွက်နှုန်းမ​ကောင်းရခြင်းအကြောင်းအရာများအား စစ်တမ်းကောက်ယူခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ လွိုင်လင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန်းက စိုက်ပျိုးထုတ်လုပ်လျက်ရှိသော သီးနှံများ၏ ပန်းတိုင်အထွက်နှုန်းအပေါ် လွှမ်းမိုးသောအချက်များကို သိရှိစေရေးအတွက် ရှင်းလင်းပြောကြား၍ ပင်လုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်စိုးမိုးက ပန်းတိုင်အထွက်နှုန်းမကောင်းရခြင်းအကြောင်းအရင်းများကို သီးနှံတစ်မျိုးခြင်းအလိုက် နည်းပညာများ ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မျိုး၊ မြေ၊ ရေ၊ နည်း စသည့် နည်းလမ်းများအား တောင်သူတစ်ဦးချင်းအလိုက် ကွင်းဆင်းစစ်တမ်းများ ကောက်ယူခဲ့ကြသည်။

ပင်လုံမြို့အတွင်း၌ သီးနှံအမယ်စုံ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ပန်းတိုင်သီးနှံ (၁၀) မျိုးအနက် စပါး၊ အစေ့ထုတ်ပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ မတ်ပဲ၊ နေကြာ၊ ပဲစဉ်းငုံ၊ ချက်ကြံသီးနှံများကို စိုက်ပျိုးလျက်ရှိကြောင်း မြို့နပင်လုံမြို့စိုက်ပျိုးရေးဦးစီးဌာနရုံးထံမှ သိရသည်။

မြို့နယ်( ​ပြန်/ဆက်)