(၂၄) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

ကျောက်တလုံးကြီး ဒီဇင်ဘာ 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့တွင် (၂) ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ် (PNFF) ဥက္ကဋ္ဌဖလား (အလွတ်တန်း) နှင့် ကန်တော်ကြီးဥက္ကဋ္ဌဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာလ ၁ ရက်၊ နံနက် နာရီက နောင်ကားစံပြကျေးရွာ၊ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြိုင်ပွဲသို့ဝင်ရောက်ယှဥ်ပြိုင်ကြမည့်  အားကစားသမားများက အသင်းလိုက်ကွင်းအတွင်းသို့ ချီတက်နေရာယူ၍ နိုင်ငံတော်အလံနှင့် ပအိုဝ်းအမျိုးသားအလံအား အလေးပြုကြပြီး ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)၊ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့်  ဒု-ဥက္ကဋ္ဌတို့က အမှာစကားပြောကြားကြသည်။

(၂)ကြိမ်မြောက် ပအိုဝ်းအမျိုးသားဘောလုံးအဖွဲ့ချုပ်(PNFF)ဥက္ကဋ္ဌဖလားပြိုင်ပွဲသို့ ရှမ်းပြည်နယ်အတွင်းရှိဒေသအသီးသီးမှ အကြီးတန်းအဆင့်အသင်း(၁)သင်းနှင့် အငယ်တန်းအဆင့် (၁၂၆) သင်းတို့ ဝင်ရောက်ယှဥ်ပြိုင်လျက်ရှိပြီး အကြီးတန်းပြိုင်ပွဲ ပထမဆုအတွက် ကျပ်သိန်း(၁၀၀) နှင့် အငယ်တန်းပြိုင်ပွဲ ပထမဆုအတွက် ကျပ်သိန်း (၅၀) ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။

ဇော်နိုင်လင်း