မေတ္တာမြို့၌ နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလအတွင်း ထင်းရှူးတောင်ပေါ်သို့ လာရောက်လေ့လာ

မေတ္တာ ဇန်နဝါရီ ၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ဝဇွမ်းချောင်းကျေးရွာအနီးရှိ ထင်းရှူးတောင်ပေါ်သို့ နှစ်သစ်ကူးရုံး ပိတ်ရက်ရှည် ကာလအတွင်း လာရောက်လေ့လာသူလည်ပတ်သူ များပြားလျက်ရှိကြောင်း သိရသည်။

အဆိုပါ ထင်းရှူးတောင်သည်အမြင့် ၃၉၉၀ပေရှိကြောင်း၊ မေတ္တာမြို့မှ(၁၃)မိုင်ကွာဝေးသောဝဇွမ်းချောင်း ကျေးရွာ အနီးဟိန္ဒားကြိုး ပြင်ကာကွယ်တော တွင်တည်ရှိသည်။ ယခုနှစ် နှစ်သစ်ကူးရုံးပိတ်ရက်ရှည်ကာလအတွင်း တောင်ပေါ် ထင်းရှူးတောသို့ လာရောက်လေ့လာသူလည်ပတ်သူများပြားလျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။ တောင် ပေါ်သို့ ၃ ပုံ၂ပုံကို ကား၊မော်တော် ဆိုင်ကယ်များဖြင့် မောင်းတက်ရပြီး ကျန်၁ပုံကိုခြေလျင်တက်ရတာ ဖြစ်ကြောင်း လည်းသိရသည်။

တောင်ပေါ်သို့ လာရောက်လေ့လာလည်ပတ်သူများသည ်အချို့က ကိုယ့်ရိက္ခာနဲ့ ကိုယ်ညအိပ်ခရီးဖြင့်လာကြ သူများရှိကြသလို နေ့ချင်းပြန်ခရီးဖြင့် လာရောက်​ လေ့လာလည်ပတ်သူများလည်း ရှိကြသည်။  အဆိုပါ လာရောက် လည်ပတ်သူများသည် ထားဝယ်၊ ရေဖြူ၊ သရက်ချောင်း၊ လောင်းလုံမြို့နယ်များမှ လူငယ်လူရွယ်များက အများဆုံး လာရောက် လည့်ပတ်နေကြကြောင်း သိရှိရသည်။

ရန်နောင်စိုး (မေတ္တာ ပြန် / ဆက်)