ရွာငံမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ ထောက်ပံ့ ပေးအပ်

ရွာငံ ဒီဇင်ဘာ ၁၇

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ‌‌ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ လမ်းညွှန်မှုဖြင့် ရွာငံမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။   

ထောက်ပံ့ပေးအပ်ပွဲတွင် မြို့နယ်နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးသိန်းဆိုင်က အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးမှူးဦးကျော်မျိုးသန့်က နိုင်ငံ့စီးပွားမြှင်တင်ရေးရန်ပုံငွေထုတ်ချေးမှုစီမံကိန်းနှင့်ပတ်သက်၍ စာချုပ်ပါ အချက်အလက်များအားဖတ်ကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ အခြားစီးပွားရေး(ကုန်ထုတ်)လုပ်ငန်း ဆောင်ရွက်ကြမည့်အဖွဲ့များနှင့် စာချုပ် ချုပ်ဆိုလက်မှတ်ရေးထိုးခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းအစုအဖွဲ့ဝင်များသို့ ချေးငွေပမာဏ ကျပ်(၁၉၀ )သန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

မြို့နယ်ပြန်/ဆက်