မိုင်းပျဉ်း ဒီဇင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ ပြည်နယ်၊ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့နှင့် တွေ့ဆုံပွဲကို ၂၀၂၅ ခုနှစ် ယနေ့ ရက်နေ့ မွန်းလွဲ (၁)နာရီက မြို့နယ်ကော်မရှင်ရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ တွေ့ဆုံပွဲတွင် ကျိုင်းတုံခရိုင်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးရှာမွေလနှင့် ရှမ်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးဝင်းမြတ်တို့က ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ လုပ်ငန်းများဆောင်ရွက်ရာ၌ ဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ကြရေး၊ ကြိုတင်မဲများကိစ္စ၊ မဲရုံကိစ္စများ ဆွေးနွေးပြောကြားသည်။ ထိုနောက် မိုင်းပျဥ်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ၂၀၂၅ ခုနှစ် ပါတီစုံဒီကရေစီအထွေထွေရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် လိုအပ်ချက်များ ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မဲရုံသုံးပစ္စည်းများ၊ ကြိုတင်မဲလက်မှတ်များ စိစစ်ဆောင်ရွက်နေမှုအား ခရိုင်၊ပြည်နယ်ရွေးကောက်ပွဲကော်မရှင်တို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)