ကျောင်းကုန်း ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဂုန်မင်းအုပ်စု၊ ဂုန်မင်းကျေးရွာနေတောင်သူ ဦးဂျိုးမင်း၏ လယ်မြေတွင် ဆောင်းရာသီ ဆီထွက်သီးနှံအဖြစ် ကျင်းတစ်ထောင်လျှင် ဆီတစ်ပုံး (နေကြာ) စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့ကကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ဌေး၊ မြို့နယ်မြေစာရင်းဦးစီးမှူး ဦးစိုင်းရှိန်း လင်းထွန်း၊ မြို့နယ်စိုက်/တိုး/မြှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြေစာ ရင်းဦးစီးဌာနမှဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းကြိုင်(ပြန်/ဆက်)