မြောင်းမြ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် သမဝါယမနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နိုဝင်ဘာလ(၂)ရက်နေ့မှ စတင်၍ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်းအား ဖွင့်လှစ်ပြသပေးခဲ့ရာ ယနေ့နံနက် (၈း၃၀) နာရီအချိန်က တဲ့တဲ့ကူးကျေးရွာ၊ သာသနာ့ဇောတိပါလ ဓမ္မာရုံ၌ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။
အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးသန်းက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီး သင်တန်းတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းသူ (၂၀) ဦးတို့အား သင်တန်းဆရာမ (၁) ဦးက နိုဝင်ဘာလ (၂) ရက်မှ ဒီဇင်ဘာလ (၁၆) ရက်အထိ စာတွေ့လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဇေယျာ (မြောင်းမြ)