လေးမျက်နှာ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုး ပန်းတိုင်ရည်မှန်းချက်/အထွက်နှုန်း မကောင်းရခြင်း အကြောင်းအရာများအား ကျေးရွာအုပ်စုအလိုက် ကွင်းဆင်းစိစစ်မေးမြန်းမှုအား ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းမှုအား ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအတွင်းရေးမှူး ဦးမျိုးမြင့်နှင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးငြိမ်းမောင်မောင်၏ကြီးကြပ်မှုဖြင့် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်/ကျေးစာရေးများနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ လေးမျက်နှာမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများသို့ မြေပြင်စာရင်းကောက်ယူရေးအဖွဲ့ (၁၀)ဖွဲ့ခွဲ၍ ကောက်ယူခဲ့ပြီး မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေးကော်မတီက တောင်သူများ၏ အခက်အခဲများ၊ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါအဖွဲ့သည် သတ်မှတ်ဇယားပါပုံစံအတိုင်း ကျေးရွာအုပ်စုအလိုက် တောင်သူများထံသို့ ကွင်းဆင်းစာရင်းကောက်ယူရန်၊ စာရင်းဇယားမှန်ကန်ရေး အလေးထားဆောင်ရွက်ရန်၊ ကောက်ယူထားသော စာရင်းများအား မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုလုပ်ငန်းအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌထံသို့တင်ပြရန်၊ ကျေးရွာအုပ်စုများတွင် အဓိကစိုက်ပျိုးသီးနှံ(၁၀)မျိုးတွင်ပါဝင်သော စိုက်ပျိုးသည့် စိုက်ပျိုးသီးနှံများ အားလုံးကောက်ခံနိုင်ရန် စသည့်ရည်ရွယ်ချက်များဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)