ဟင်္သာတ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက် ၁၈ နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် EID များအား ပန်းခင်းစီမံချက်ဖြင့်ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုတို့အား ဟင်္သာတခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်ဒေါ်သီတာအောင်နှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။ ဟင်္သာတမြို့နယ် လှုဝန်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှုး ဦးဖြိုးဝေအောင်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများမှ အသက်(၁၈)နှစ်ပြည့်ပြီး ကျောင်းသားကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ဟင်္သာခန်းမတွင် စုရပ်အဖြစ်လည်းကောင်း၊ ဒူယား အ.ထ.ကတွင်လည်းကောင်း၊ နတ်မော်အထကတွင်လည်းကောင်း၊ တလုထ္တော်အ.ထ.ကတွင်လည်းကောင်း၊ မြို့နယ်ဦးစီးမှုးရုံးတို့တွင်လည်းကောင်း နေ့ချင်းပြီး အသီးသီးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)