မိုင်းတုံမြို့နယ် UWSA “ဝ”အဖွဲ့စစ်ဒေသအမှတ်(၁၇၁)၌  မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်းစစ်‌ဆေးသူနှင့် မဲရုံလုံခြုံရေး သင်တန်းပို့ချ

မိုင်းတုံ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အတွင်းရှိ UWSA “၀”အဖွဲ့စစ်ဒေသအမှတ် (၁၇၁)၊ ဟွေအော်ကျေးရွာ၊ ဟွေအော်ခန်းမ၌ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တို့သူ၊ မဲစာရင်း စစ်‌ဆေးသူနှင့် မဲရုံလုံခြုံ‌ရေး သင်တန်းပို့ချခြင်းကို ယမန်နေ့နံနက် ၉ နာရီချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါသင်တန်းသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီး ဆောင်ရွက်မည့် အခြေအနေအရ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင်နှင့် မြို့‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်ဝင်းဝင်းခိုင်တို့ ဦးဆောင်၍ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မင်တိုသူ၊ မဲစာရင်းစစ်ဆေးသူနှင့် မဲရုံလုံခြုံရေးတို့၏ သိရှိလိုက်နာရမည့်တာဝန်နှင့် လုပ်ငန်းတာဝန်များ၊ မဲရုံအတွင်း အသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပုံစံများ ကျွမ်းကျင်နားလည်သိရှိသွားစေရန်နှင့် ရွေးကောက်ပွဲအား အောင်မြင်စွာဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ သင်တန်းပို့ခြင်းဖြစ်သည်။ ယင်းသင်တန်းကို UWSA “၀” အဖွဲ့စစ်ဒေသအမှတ်(၁၇၁)မှ ဦးအိုက်လိတ်နှင့်အဖွဲ့၊ “ဝ”ဆက်ဆံရေးမှူး ဦးအိုက်ရုန်းနှင့် သင်တန်းသား၊ သင်တန်းသူ(၁၀၃) ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင်ထံမှ သိရသည်။

ဝင်းဝင်းခိုင်(မြို့နယ်၊ပြန်/ဆက်)