ညောင်ဦး၌ ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် ဓာတ်အားစနစ်မှ ကျေးရွာ သုံးရွာအား တပြိုင်တည်း မီးလင်း

ညောင်ဦး  ဇန်နဝါရီ  ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်အတွင်း ကျေးရွာများ မီးလင်း နိုင်ရေးအတွက် အစိုးရအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးရွာ သုံးရွာအား နိုင်ငံတော်ဓာတ်အား စနစ်မှ ယနေ့တွင် တပြိုင်တည်း မီးလင်း ပေးနိုင်ခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင် ထံက သိရသည်။

အဆိုပါ လျှပ်စစ်မီးလင်းခဲ့သည့် ကျေးရွာများမှာ ထီးပုကျေးရွာအုပ်စုအတွင်းရှိ ထီးပု ကျေးရွာ၊ ရွာလု ကျေးရွာနှင့် ဆင်လူးအိုင်ကျေးရွာတို့ဖြစ်ကြပြီး၊ ထိုကျေးရွာများ မီးလင်းရေးအတွက် လိုအပ်သည့် ၁၁ကေဗွီဓာတ်အားလိုင်းနှင့် ၁၁/၀.၄ ကေဗွီထရန်စဖော် မာများတပ် ဆင်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း မန္တလေးတိုင်း ဒေသကြီးစိုးရဖွဲ့၏ oA Account တပ်ဆင် တည်ဆောက်လာခဲ့ပြီး၊ ကျေးရွာတွင်း ၄၀၀ ဗို့ဓာတ်အားလိုင်းအား ကျေးရွာသူ/သားများ၏ ပူးပေါင်း ပါဝင်ငွေဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်က ရှင်းပြ သည်။

ညောင်ဦးမြို့နယ်အတွင်း ကျေးရွာပေါင်း ၁၈၈ ရွာရှိရာ ယခုမီးလင်းသည့်ကျေးရွာ သုံးရွာအပါ အဝင်အရ ကျေးရွာပေါင်း ၁၄၀ ရွာ၊ ညောင်ဦးမြို့နယ်အတွင်း ကျေးရွာများ လျှပ် စစ်မီးရရှိသည့် ရာခိုင်နှုန်း (၇၄.၄၇) အား နိုင်ငံတော်ဓာတ်အားစနစ်မှ မီးလင်းပေးနိုင်ခဲ့ကြောင်း၊ အဆိုပါ ကျေးရွာများရှိနေအိမ်များအား အိမ်သုံးလျှပ်စစ်မီး လျှောက်ထားတပ်ဆင် ခြင်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် အချိန်မီမီးလင်းနိုင် ရန်အတွက် ကျေးရွာများမှတက်ကြွစွာဖြင့် ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း၊ ညောင်ဦးမြို့နယ်နှင့် ငါ့သရောက်မြို့ ရှိကျေးရွာများ မီးလင်းနိုင်ရေး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှရန်ပုံငွေကျပ်သန်း (၁၆၄၅) ကျော် အကုန်ကျခံသုံးစွဲလျက်ရှိကြောင်း၊ ညောင်ဦးမြို့နယ် လျှပ်စစ်မန်နေဂျာ ဦးဝင်းလွင်ထံက ထပ်မံ သိရှိရ သည်။

ကိုထိန် (KPD)