ပုံပါကျင်မြို့၌ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မှင်တို့သူ၊ မဲစာရင်းစစ်‌ဆေးသူနှင့် မဲရုံလုံခြုံရေးတာဝန်ကျသူများ ကျွမ်းကျင်စွာနားလည်သိရှိစေရန် သင်တန်းပို့ချ

ပုံပါကျင် ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မဲရုံအဖွဲ့ဝင်ဖြစ်သည့် မှင်တို့သူ၊ မဲစာရင်းစစ်‌ဆေးသူနှင့် မဲရုံလုံခြုံ‌ရေးသင်တန်းပို့ချခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

အဆိုပါ သင်တန်းသည် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲပြီးဆောင်ရွက်မည့်အခြေအနေအရ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင်နှင့် မြို့‌နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်ဝင်းဝင်းခိုင်တို့ဦးဆောင်၍ မဲရုံအဖွဲ့ဝင်ဖြစ်သည့်မှင်တို့သူ၊ မဲစာရင်းစစ်ဆေးသူနှင့် မဲရုံလုံခြုံရေးတို့၏ သိရှိလိုက်နာရမည့်တာဝန်နှင့်လုပ်ငန်းတာဝန်များ၊ မဲရုံအတွင်းအသုံးပြုရမည့် လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါပုံစံများ ကျွမ်းကျင်နားလည်သိရှိစေရန်နှင့် ရွေးကောက်ပွဲအား အောင်မြင်စွာဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ သင်တန်းပို့ခြင်းဖြစ်သည်။

အိအိဖြိုး(ပြန်/ဆက်)