မိုင်းဖြတ်မြို့နယ်၌ သီးနှံများပန်းတိုင်အထွက်နှုန်းရရှိ‌ရေး စစ်တမ်းကောက်ယူ

မိုင်းဖြတ် ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်အတွင်း တောင်သူများစိုက်ပျိုးလျက်ရှိသည့် အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် စစ်တမ်းကောက်ယူခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများက ကျေးရွာအုပ်စု(၄)အုပ်စုမှ ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်း‌ကောက်ယူရာတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလှမျိုး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းထွဋ်လွင်တို့၏ကြီးကြပ်မှုဖြင့် တာဝန်ရှိသူများက သီးနှံအလိုက်ပန်းတိုင်အထွက်နှုန်းရရှိရေး၊ အထွက်ကောင်းမျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ခြင်းရှိ/မရှိ၊ သီးနှံများအောင်မြင်ဖြစ်ထွန်းရန် စိုက်ပျိုးမြေများကို စနစ်တကျထွန်ယက်ပြုပြင်ခြင်းရှိ/မရှိ၊ သွင်းအားစုဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများအား ဝယ်ယူထည့်သွင်းအသုံးပြုနိုင်ခြင်းရှိ/မရှိ၊ လုပ်သားအင်အားအခက်အခဲရှိ/မရှိ၊ ငှားရမ်းခဈေးနှုန်းကြီးမြင့်ခြင်း‌ကြောင့်လည်းကောင်း လုပ်သားအင်အားပြည့်အသုံးမပြုနိုင်ခြင်းကြောင့် သီးနှံအလိုက် တစ်ဧကဝင်ဆန့်ရမည့် အပင်ဦးရေပြည့်မီအောင် စိုက်ပျိုးနိုင်ခြင်းရှိ/မရှိစသည့် အခြေခံအချက်များအ‌‌ပေါ်  ကောက်ယူခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)