ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများမဲပေးခြင်းဆိုင်ရာ အသိပညာပေးဆောင်ရွက်

ပင်လုံ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(​တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မဲပေးခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းကို ဒီဇင်ဘာ ၁၅ ရက်နေ့မှစတင်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်၌ ပြသ၍ အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်ဘုတ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် ဆန္ဒမဲပေးရာ၌ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးခြင်းဆိုင်ရာအသိပညာပေးများ၊ ဆန္ဒမဲပေးရာ၌ ဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန် အသိပညာပေးများ အများပြည်သူသိရှိစေရန် ရည်ရွယ်၍ နံရံကပ်ပိုစတာများနှင့်  ဒို့အတူမဲပေးကြမယ် အသိပညာပေးလက်ကမ်းစာစောင်များ နှိုးဆော်ပြသပေးပြီး အသိပညာပေး နံရံကပ်ပိုစတာများကို လမ်းသွားလမ်းလာပြည်သူများ၊ ဒေသခံပြည်သူများက ကြည့်ရှုလေ့လာခဲ့ကြပြီး ၎င်းနံရံကပ်ပြဘုတ်အား ဒီဇင်ဘာ ၁၅ မှစတင်၍ ရွေးကောက်ပွဲကာလအတွင်း နေ့စဉ်ပြသဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

​မြို့နယ်(​ပြန်/ဆက်)