မိုင်းခုတ် ဒီဇင်ဘာ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက်ပိုင်းက နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နယ်လှည့်စာကြည့်တိုက်အား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခုတ်မြို့ရုံးမှ ဝန်ထမ်းများက သုတ၊ ရသ အစရှိသည့် စာအုပ်စာစောင်များအား စုံလင်စွာသယ်ဆောင်၍ မိုင်းခုတ်မြို့ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိတ်သတ်များထံသို့ လက်ဝယ်အရောက် အခမဲ့ငှားရမ်းပေးခြင်း၊ အသစ်ထပ်မံရောက်ရှိသည့် သုတ၊ ရသစာအုပ်စာစောင်များအား လဲလှယ်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးရခြင်း၏ ရည်ရွယ်ချက်မှာ အများပြည်သူများ စာပေဗဟုသုတရရှိစေရန်၊ အသစ်ထပ်မံရောက်ရှိသည့် စာအုပ်စာစောင်များအား ဖတ်ရှုနိုင်စေရန်နှင့် စာကြည့်တိုက်သို့လာရောက်၍ စာပေဖတ်ရှုခြင်းမပြုနိုင်သော စာဖတ်ပရိတ်သတ်များအတွက် အဆင်ပြေလွယ်ကူစွာ ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
ခင်သန္တာအောင်