မန္တလေး ဇန်နဝါရီ ၂
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်ပိုင်းတွင် မန္တလေး ခရိုင်အတွင်းရှိ ဈေးများနှင့်လမ်းများ တွင် ပြည်သူများအား လှည့်လည်ဖြန့်ဝေပေးခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးအရာရှိ ဒေါ်မြင့်မြင့်သန်းနှင့်ဝန်ထမ်းများ၊မန္တလေးခရိုင်အတွင်းရှိ မြို့နယ်များမှ ဦးစီးမှူးများနှင့် ဝန်ထမ်းများက သက်ဆိုင်ရာ မြို့နယ်များအလိုက် ဈေးများနှင့် လူသွားလူလာများ သောလမ်းများတွင် ပြည်သူများအား လှည့်လည် ဖြန့်ဝေပေးခဲ့ ကြသည်။
မန္တလေးခရိုင်(၇)မြို့နယ်မှာ တစ်မြို့နယ်လက်ကမ်းစာစောင်(၄၅၀)နှုန်း ဖြင့် လက်ကမ်းစာစောင် စုစုပေါင်း (၃၁၅၀)စောင် ကို သက်ဆိုင်ရာမြို့နယ်များအလိုက် ဒီကနေ့ စတင်ဖြန့်ဝေပေး သွားမှာဖြစ်ပါတယ်၊ မန္တလေးခရိုင်အတွင်းရှိ ဈေးများနှင့်လမ်းများမှာ ပြည်သူများကို ဖြန့်ဝေပေးသွားပါဟု မန္တလေးခရိုင်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီး အရာရှိ ဒေါ်မြင့်မြင့်သန်း က ပြောကြားသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် (၇၃)နှစ်မြောက်လွတ်လပ်ရေးနေ့အမျိုးသားရေးဦးတည်ချက်များ၊ လွတ်လပ် ရေး သစ္စာအဓိဌာန် (၉)ချက်၊လွတ်လပ်ရေးအသိ၊ လွတ်လပ်ရေးသတိ၊ ကာကွယ် စောင့်ရှောက်၊ အမျိုးသား ညီညွတ်ရေးအခြေခံ၊ လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်နှင့်ညီညွတ်ရေးကိုဦးတည်ကြပါ အစရှိသောအကြောင်း အရာများ ပါဝင်ကြောင်း သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)