ပင်းတယမြို့နယ်၌ ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေး အသိပညာပေး ပိုစတာအား ပြည်သူများ သိရှိစေရန်ဆောင်ရွက်

ပင်းတယ ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဒီဇင်ဘာလ ၂၈ ရက်‌နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူများ မဲပေးနိုင်ရေးအတွက် လှုံ့ဆော်ရေး ပိုစတာအား ပြည်သူများသိရှိစေရန်နှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်များ၊ ဒေသနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဒေသနှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အသင်းအဖွဲ့များမှ လူစည်ကားရာနေရာ၌ ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ ပိုစတာအား ပြည်သူများ သိရှိစေနိုင်ရန်အတွက် ‌ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထို့နောက် လမ်းဘေးဝဲယာတစ်လျှောက် ခရီးသွားပြည်သူများ၊ ဈေးရောင်း၊ ဈေးဝယ် လာကြသူများအား ‌ ဒို့အတူတူမဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ စသည့်ရွေးကောက်ပွဲဆိုင်ရာ ရွေးကောက်ပွဲလှုံ့ဆော်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)