ငါးသိုင်းချောင်း ဒီဇင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံအဖြစ်အသုံးပြုမည့် စာသင်ကျောင်းများနှင့်အဆောက်အအုံများ မီးဘေးလုံခြုံရေးအတွက် မီးဘေးအသိပညာပေးခြင်းနှင့် လိုက်လံကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် (၉) နာရီအချိန်ကစတင်၍ စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေကြည်မြို့နယ်၊ မီးသတ်ဦးစီးဌာန၏လမ်းညွှန်မှုဖြင့် ငါးသိုင်းချောင်းနယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူးဦးဝင်းနိုင်က မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ်အသုံးပြုနိုင်ရန် မဲရုံများတွင်လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် မီးဘေး လုံခြုံရေးအတွက် ဆောင်ရွက်ရမည့်အချက်များကို နားလည်သဘောပေါက်အောင် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကာကွယ်ရေးနှင့်ပတ်သတ်သော ပစ္စည်းကိရိယာများထားသိုမှု အခြေအနေများ၊ လျှပ်စစ်မီးကြိုးသွယ်တန်းသုံးစွဲမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ မီးဘေးလုံခြုံရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များအား မှာကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)