ကွန်ဟိန်းမြို့၌ “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကွန်ဟိန်း ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးပိုင်ခွင့်ရှိစေရန်နှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်စေရန်ရည်ရွယ်၍ "ဒို့အတူတူ မဲပေးကြမယ်"လက်ကမ်းစာစောင်များကို ယနေ့ နံနက် (၇)နာရီက စုပေါင်းတံတားဂိတ်တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။ 

အဆိုပါ “ဒို့အတူတူ မဲပေးကြမယ်”လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဦးစီးအရာရှိ ဦးဗန်ကယ်မီလျာနှင့် ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်သက်ဦး၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးခွန်ရဲထွေးနှင့် ဝန်ထမ်းများတို့မှ ပူးပေါင်း၍ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)