စဉ့်ကိုင်မြို့နယ်၌ အဓိကသီးနှံမျိုးများ ပန်းတိုင်အထွက်နှုန်းမရရှိခြင်း အကြောင်းအရင်းများ တောင်သူတစ်ဦးချင်းစီ စစ်တမ်းကောက်ယူ

စဉ့်ကိုင် ဒီဇင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တောင်သူများ၏ မျိုး၊ မြေ၊ ရေ၊ နည်း နည်းပညာ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းဆောာင်ရွက်ပေးနိုင်ရန်ရည်ရွယ်၍ ဒီဇင်ဘာလ ၁၆ ရက်နေ့နှင့် ၁၇ ရက်နေ့တို့တွင် စဉ့်ကိုင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာများအရောက် တောင်သူများထံ မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ မြေပြင်ကွင်းဆင်း စစ်တမ်း‌ကောက်ယူရာတွင် မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ  တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်း‌ဇော် ဦးဆောင်၍ စိုက်ပျိုးရေးဝန်ထမ်းများက ပန်းတိုင်အထွက်နှုန်း‌ရရှိရေး အဓိကသီးနှံ ခုနစ်မျိုး စိုက်ပျိုးထားသည့် ကျေးရွာအုပ်စု ၃၂ အုပ်စု၊ ကျေးရွာ ၄၄ ရွာမှ တောင်သူ ၁၃၀၀ ဦးအား ပန်းတိုင်အထွက်နှုန်း မရရှိခြင်းအကြောင်း မျိုး၊ မြေ၊ ရေ၊ နည်း နည်းပညာနှင့် ပတ်သက်၍ မြေပြင်ကွင်းဆင်း စစ်တမ်းကောက်ယူခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး ထံမှ သိရသည်။

ကျော်စွာ(စဉ့်ကိုင်)