ရပ်စောက်မြို့၊ မြို့မဈေးအတွင်း၌ ‌မီးဘေးကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ရပ်စောက် ဒီဇင်ဘာ ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ် မြို့မဈေးအတွင်း၌ မီးငြှိမ်းသတ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် ၁၁ နာရီက ရပ်စောက်မြို့၊ မြို့မဈေးအတွင်းတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ရှိသူများ၊ ဈေးသူ/ဈေးသားများ စုပေါင်း၍ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

မီးလောင်ဆုံးရှုံးမှုများမဖြစ်ပွားစေရေးနှင့် ဖြစ်ပွားလာပါက အချိန်မှီငြှိမ်းသတ်နိုင်ရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက အခြေခံမီးငြှိမ်းသတ်ခြင်းနည်းစနစ်များ၊ မီးသတ်ဆေးဘူး စနစ်တကျအသုံးပြုနည်းများနှင့် ဈေးသူ/ဈေးသားများအား လက်တွေ့မီးငြှိမ်းသတ်‌စေကာ ဇာတ်တိုက်‌လေ့ကျင့်မှုများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)