နောင်တရား ဒီဇင်ဘာလ ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လွယ်မောကျေးရွာအုပ်စု၊ စိန်ပန်းကျေးရွာ၌ မယ့်ဖားလုံဖောင်ဒေးရှင်းမှ ရေရှည်တည်တံ့သော အစားထိုးအသက်မွေးဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ်ဆောင်ရွက်နေသည့် ကော်ဖီစိုက်ပျိုးရေးခြံသို့ မြန်မာနိုင်ငံမူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့(CCDAC) တွဲဖက်အတွင်းရေးမှူး ရဲမှူးချုပ် သန့်လွင်မောင်နှင့် တရုတ်နိုင်ငံ အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးကော်မရှင်(NNCC) ဒုတိယအတွင်းရေးမှူးချုပ် Mr. ZHAO Zhongchen နှင့် အဖွဲ့ဝင်များ ယနေ့နံနက်ပိုင်းတွင်း လာရောက်လေ့လာသည်။
မြန်မာ-တရုတ် ကိုယ်စားလှယ်အဖွဲ့သည် စိန်ပန်းဘုန်းတော်ကြီးကျောင်း ဧည့်ခန်းမဆောင်၌ မယ့်ဖားလုံဖောင်ဒေးရှင်းရုံး တာဝန်ရှိသူတစ်ဦးက စီမံကိန်းဆောင်ရွက်နေမှု အခြေအနေများကို Power Point ဖြစ် ရှင်းလင်းတင်ပြပြီး မြန်မာ-တရုတ်ကိုယ်စားလှယ်အဖွဲ့မှ စီမံကိန်းဆောင်ရွက်ထားမှုနှင့် ဆောင်ရွက်ကိန်းဆောင်ရွက်နေမှုအခြေအနေများကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့နှင့် မယ့်ဖားလုံဖောင်ဒေးရှင်းမှ တာဝန်ရှိသူများက အမှတ်တရပစ္စည်းများ အပြန်အလှန်ပေးအပ်သည်။
မြန်မာ-တရုတ် ကိုယ်စားလှယ်အဖွဲ့သည် မယ့်ဖားလုံဖောင်ဒေးရှင်းမှ ရေရှည်တည်တံ့သော အစားထိုးအသက်မွေဝမ်းကျောင်း ဖွံ့ဖြိုးရေးစီမံကိန်းအဖြစ် ဆောင်ရွက်နေသည့် ကော်ဖီစိုက်ပျိုးရေးခြံသို့ သွားရောက်လေ့လာပြီး စီမံကိန်းဒေသမှ စိုက်ပျိုးရေးတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
နောင်တရား(ပြန်ဆက်)