ပြင်ဦးလွင်မြို့ရှိဆရာတော်၊ သံဃာတော်များမှမြို့နယ် ကိုဗစ်-၁၉ ကော်မတီသို့ အလှူငွေ များလှူဒါန်း

ပြင်ဦးလွင် ဇန်နဝါရီ ၂

ပြင်ဦးလွင်မြို့နယ်ရှိ ရတနာမာန်အောင်ဆရာ တော်အမှူးပြုသော ဆရာတော်၊သံဃာတော်များ မှ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ယမန်နေ့ မွန်းလွဲ၂နာရီက လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါလှူဒါန်းမှုသည် ပြင်ဦးလွင်မြို့တွင်းရှိ ဘုန်းတော်ကြီးကျောင်း ၁၃၄ ကျောင်းမှ ဆရာတော် သံဃာတော်များ၏ စုပေါင်းလှူဒါန်းမှုဖြစ်ပြီး မြို့နယ်သာသနာရေးမှူးမှ မြို့နယ် Covid 19 ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌဦးဇာနည်မောင်နှင့် ဘဏ္ဍာရေးဆပ်ကော်မတီထံသို့ ဆရာတော် သံဃာတော်များ ရှေ့မှောက်တွင် လှူဒါန်းခဲ့ကြောင်းနှင့်စုစုပေါင်း လှူဒါန်းငွေကျပ်  ၂၂၁၁၄၀၀၀ ကျပ် ဖြစ်ကြောင်း သိရသည်။

မြတ်ဆုမွန်