ကျောက်ဆည် ဒီဇင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် အမြဲမပြတ်လေ့လာသင်ယူရေးလှုပ်ရှားမှု စာဖတ်ဝိုင်းဆွေးနွေးခြင်းအဖြစ် စာရေးဆရာနန္ဒ ရေးသားသည့် “ငါ့ဓား၊ငါ့သွေး၊ ငါ့ဧရာဝတီ” စာအုပ်စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းများကျင်းပပြုလုပ်ခြင်းဖြင့် ကောင်းမွန်သည့် စာကောင်းပေကောင်းများရွေးချယ်ဖတ်ရှု့နိုင်ခြင်း၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ ယဉ်ကျေးမှုထုံးထမ်းစဉ်လာများ သိရှိနိုင်ခြင်း၊ သမိုင်းမှ သင်ခန်းစာများရရှိခြင်းစသည့် အကျိုးကျေးဇူးများရရှိကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး စဉ့်ကိုင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက ဆရာနန္ဒ၏ ဘဝစာပေမှတ်တမ်းများအကြောင်း၊ ထုတ်ဝေခဲ့သည့်စာအုပ်များအကြောင်း၊ ဇာတ်ကောင်များအကြောင်း အကျဉ်းချုပ်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဒုတိယဦးစီးမှူး ဒေါ်စန္ဒာအေးအောင်နှင့် ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးသီတို့က ငါ့ဓား၊ ငါ့သွေး၊ ငါ့ဧရာဝတီစာအုပ်မှ ဇာတ်ကောင်များအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသည့်ဝန်ထမ်းများမှ စာအုပ်ပါအကြောင်းအရာများကို ပူးပေါင်းပါဝင်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စဉ့်ကိုင်၊ တံတားဦး၊ မြစ်သားမြို့နယ်ရုံးများမှ ဦးစီးအရာရှိ၊ ဒုတိယဦးစီးမှူး၊ ဓာတ်ပုံကျွမ်းကျင်-၂၊ စာကြည့်တိုက်လက်ထောက်-၃ ဝန်ထမ်းများတက်ရောက်ခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)