မဟာအောင်မြေ ဒီဇင်ဘာ ၁၈
မဟာအောင်မြေမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်၍ အသက် ၉ နှစ်မှ ၁၁ နှစ်အတွင်း အသက် ၁၂ နှစ် မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ၁၆ ရက်နေ့မှမှစတင်ကာ မဟာအောင်မြေမြို့နယ်အတွင်း စုရပ်များဖွဲ့၍ ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ဦးဆောင်၍ နှီးနွယ်ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုအဖွဲ့နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့က ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။
မဟာအောင်မြေမြို့နယ်တွင် ဒီဇင်ဘာ ၁၇ ရက်နေ့က စုရပ် ၆ ခုဖွဲ့၍ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး(HPV)ထိုးနှံပေးခဲ့ရာ အမျိုး သမီးငယ် ၉၅၄ ဦးရှိပြီး ၈၈၄ ဦးအားထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ကျန်ရပ်ကွက်များရှိ အမျိုးသမီးငယ်များကိုလည်း ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်မင်း