တောင်သာ ဒီဇင်ဘာ ၁၈
တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အနောက်ရပ် အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနား၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးရဲဝင်းအောင်က လူငယ်နှင့်စာဖတ်ခြင်းအကြောင်း၊ AI နည်းပညာကို ငယ်ရွယ်စဉ်အချိန်မှစ၍ လေ့လာသင့်ကြောင်း၊ နေ့ကြီးရက်ကြီးများနေ့ ရောက်ရှိလာတိုင် စာစီစာကုံးစာမေးပွဲ ဖြေရလေ့ ရှိရာတွင် မိမိ၏စိတ်ကူးစိတ်သန်းများကို တွေးတောကြံဆ၍ မိမိလေ့လာသိရှိထားသော စာပေများအား နိဒါန်း၊ စာကိုယ်၊ နိဂုံးများကို ရေးသားရာတွင် နိဒါန်းတွင်ပါဝင်သောအကြောင်းအရာများမှ လွဲချော်မသွားရအောင် စနစ်တကျရေးသားရမည်ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများသည် နိုင်ငံတော်၏ အနာဂတ်လူငယ်လေးများဖြစ်ကြောင်း၊ လူငယ်များ အသိပညာကြွယ်ဝစေဖို့အတွက် ယခုအချိန်မှစ၍ မိမိအသက်အရွယ်လိုက်၍ စာအုပ်များကိုရှာဖွေပြီး စာဖတ်သည့်အလေ့အထကို လေ့ကျင့်သွားရမည်ဖြစ်ကြောင်း ဟောပြောခဲ့ပြီး၊ ဟောပြောပွဲသို့ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ ၇၀ ဦးခန့်တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)