ရှမ်းရွာသစ်မြို့တွင် အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း လုပ်ငန်း ဆောင်ရွက်

ရှမ်းရွာသစ် ဇန်နဝါရီ ၂

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ရှိ ကျေးလက်ကျန်းမာရေးဌာနသည် မြို့အတွင်းရှိ ဒေသနေပြည် သူများ ကျန်းမာရေး အသိပညာဗဟုသုတရရှိစေရန်နှင့်  ကူးစက်ရောဂါတို့မှ    ကင်းဝေးစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဌာနတွင်  အသက်နှစ်နှစ်အောက် ကလေးငယ်များကို ပုံမှန် ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများတို့က ကလေးငယ်များ ကူးစက် ရောဂါတို့မှ ကာကွယ်ရန်နှင့်     ကျန်းမာရေး အသိရှိစေရန်အတွက် ကျန်းမာရေးအသိပညာပေးခြင်း ကိုယ်အ လေးချိန်ချိန် ပေးခြင်း၊ အသက်နှစ်နှစ်အောက် ကလေးငယ်များအား  အသည်းရောင် အသားဝါ (ဘီ)ရောဂါ၊ ပိုလီယို အကြော သေရောဂါ၊ မေးခိုင်ရောဂါ၊ တီဘီရောဂါ၊ ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုးရောဂါ၊ ဦးနှောက် အမြှေးရောင် ရောဂါနှင့် ဝက်သက်ရောဂါတို့မှ ကင်းဝေးစေရန် အသက်ပိုင်း အခြားအလိုက် ပုံမှန်ကာကွယ် ဆေးများ ထိုးပေးခြင်းနှင့် လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ပေးမှု လုပ်ငန်းများကို  ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာန၏ ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

ဇင်လေး(ပြန်/ဆက်)