ပလောက် ဇန်နဝါရီ ၂
လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃) နှစ်မြောက် လွတ်လပ် ရေးနေ့ ကိုကြိုဆိုဂုဏ်ပြု သော အားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ရုံးချုပ်) မှ စီစဉ်ထုတ်ဝေသော လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် များကို တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက် (၇) နာရီအချိန့်က လူစည်ကားရာ မြို့စည် ပင်သာယာ ဈေးနှင့် လမ်းဆုံလမ်းခွနေရာများ၌ လိုက်လံဖြန့်ဝေခဲ့သည်။
အသိပညာပေး လက်ကမ်းစာစောင်တွင် လွတ်လပ်ရေး ဆိုတဲ့အဓိပ္ပာယ်၊ (၇၂) နှစ်မြောက် လွတ်လပ်ရေး အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သော သဝဏ်လွှာမှ ကောက်နုတ်ချက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့်မိန့်ခွန်းမှကောက်နုတ်ချက်များ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ လွတ်လပ်ရေး ကြေငြာစာတမ်း မှကောက်နုတ်ချက်များ၊ (၇၃) နှစ် မြောက်လွတ်လပ်ရေး နေ့အထိမ်းအမှတ် လွတ်လပ်ရေးသစ္စာအဓိဌာန် (၉) ချက်၊ လွတ်လပ် ရေးအသိ လွတ်လပ်ရေးသတိကဗျာ၊ ကာတွန်းဆောင်ပုဒ်များ ပါဝင်သည့်သတင်းစကား လက် ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက် ပြန်ဆက်)