တီးတိန်မြို့၌ မဲရုံပုံစံပြသခြင်းနှင့် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်

တီးတိန်  ဒီဇင်ဘာ  ၁၉

ချင်းပြည်နယ်တီးတိန်မြို့၌ ၂၀၂၅ခုနှစ်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး မဲရုံပုံစံပြသခြင်းနှင့် MEVM မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း အထူးမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၆ ရက် နံနက်၁၀နာရီက အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းစံကိုက်ညီကျောင်းဆောင်တွင် ပြုလုပ်သည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အမှာစကားပြောကြားပြီး ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်ငွေစိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသူများက မြန်မာအီလက်ထရောနစ်မဲပေးစက် - MEVM ဖြင့် စမ်းသပ်မဲပေးခဲ့ကြသည်။ အဆိုပါအထူးမွမ်းမံသင်တန်းတွင် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲပေးစက်ကိုင်တွယ်သူများ စုစုပေါင်း ၃၀ တက်ရောက်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)