ကျိုင်းတုံ ဒီဇင်ဘာ ၁၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ ပြည်တွင်းအခွန်ဦးစီးဌာန၌ စားသောက်ဆိုင်လုပ်ငန်းရှင်များအား အခွန်ပညာပေးရှင်းလင်းပွဲကို ဒီဇင်ဘာ ၁၇ ရက်နေ့က ကျင်းပသည်။
ရှင်းလင်းဆွေးနွေးပွဲတွင် ကျိုင်းတုံမြို့နယ် အခွန်ဦးစီးဌာနမှူး ဒေါ်ကေသွယ်ကျော်က အခွန်ကောက်ခံရသည့် ရည်ရွယ်ချက်များအကြောင်း၊ စားသောက်ဆိုင်လုပ်ငန်းရှင်များအား ပြေစာများအပေါ် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာအကြောင်း စသည့် ပြည်တွင်းအခွန်ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် အခွန်အကြောင်း သိကောင်းစရာများကို အသိပညာပေးရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာကြသည့် စားသောက်ဆိုင်လုပ်ငန်းရှင် ပြည်သူများက သိလိုသည်များ မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)